Monday, 16 December 2013

အမျိုးသမီးတွေမငြင်းရက်နိုင်သောအမျိုးသား (၆) မျိုး



အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့  အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။

၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့ ။
 ဝါသနာအရ ဂီတာတီးတာ၊ ဟင်းချက်တတ်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးရတာတွေကို ခုံမင်နှစ်သက်တဲ့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးအရှေ့ မှာကိုယ့်ရဲ့ ပင်ကိုယ်ပါရမီအစွမ်းအစတွေကို ထုတ်ဖော်ပြဖို့ ဝန်မလေးပါနဲ့။ ဂီတာတီးသီချင်းဆိုပြတာ၊ ကိုယ်ကျွမ်းကျင်ရာဟင်းလျာတွေကို ချက်ကျွေးတာ ဒါမှမဟုတ်လဲ ကိုယ် တတ်ကျွမ်းတာ တစ်ခုခုလုပ်ပေးတာက ရှက်စရာမဟုတ်ပါဘူး။ မိန်းကလေးတွေက အရည်အချင်းအစွမ်း အစရှိတဲ့ ယောက်ျားလေးတွေကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။

Thursday, 12 December 2013

"ကံချင်းတူလျက် မျက်နှာလိုက်"



"ကံချင်းတူလျက် မျက်နှာလိုက်" လောက၌ အလွန်ဖြူစင်သော သူတော်ကောင်း တစ်မျိုး၊ သူယုတ်မာ တစ်မျိုးဟု ၂-မျိုးခွဲရာ၏။ ထိုသူ ၂-မျိုးသည် သာမန် အကုသိုလ်ကံ တစ်ခုကို ကိုယ်စီကိုယ်င ပြုမိကြသော်လည်း သူတော်ကောင်း၌ ထိုကံ အကျိုးပေးခွင့်မရ၊ များစွာသော ကောင်းမူတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသောသူ၌ကား ထိုသို့ ကာကွယ်ဖို့ရန် အားကိုးလောက်သော ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်သော အကုသိုလ်ကံသည်ပင် အထင်အရှား အကျိုးပေးနိုင်လေတော့သည်။ ဥပမာ - တစ်ညဉ့်သ၌ သူဌေးသားသည် အိမ်တစ်အိမ်မှ ကြက်ကိုခိုး၏။ ဘိန်းစားလည်း ကြက်တစ်ကောင်ခိုး၏။ ကြက်ရှင်က သိ၍လိုက်ရှာသောအခါ

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်


ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေး ကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေ ရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း

လမ်းမပေါ်က 3D ဖန်တီးမှုတစ်ခုပါ...မသိရင်တကယ့်အတိုင်းပါဘဲ...

ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲ



ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲ ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာ ရှိပါတယ်။ CPU နိမ့်နေ တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။ ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ? Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memoryက နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက External Memory 8GBကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အခြေ အနေမျိုးမှာ

“သေခြင်းတရား”



“သေခြင်းတရား” •••••••••••••••••••••••• ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။ (၁) အသက်တမ်းကုန်၍ သေခြင်း။ (၂) ကံစွမ်းကုန်၍ သေခြင်း။ (၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။ (၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။ သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။ ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။ (၁)ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော (မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။ ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။ (၂)ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။ (ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့ထင်ပေါ်တတ်၏။ အာရုံခြောက်ပါးလုံး၌ ဖြစ်၍

Wednesday, 11 December 2013

Voyager 1 နေစကြဝဠာ အပြင်သို့ ထွက်ခွာပြီ


အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ကနေ လွန်ခဲ့တဲ့ ၃၆ နှစ်က လွှတ်တင်ခဲ့တဲ့ Voyager 1 အာကာသယာဉ်ဟာ ကျွန်ုပ်တို့ရဲ့ နေစကြဝဠာ အပြင်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီအာကာသယာဉ်ဟာ နေရဲ့ ဆွဲငင်အား သံလိုက် စက်ကွင်းကနေ ကျော်လွန်ပြီး ကြယ်တွေ ကြားက Interstellar Space ထဲကို ဝင်ရောက်သွားပြီ ဆိုတာကို တိုင်းတာ သိရှိရပြီလို့ နာဆာ က ပညာရှင်တွေက ပြောပါတယ်။
ဒါဟာ နေစကြဝဠာကနေ ထွက်ခွာသွားနိုင်ခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ ရင်သွေး အာကာသ ယာဉ်လည်း ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ဒီယာဉ်ဟာ

Tuesday, 10 December 2013

~ ယောက္ခမကို အဆိပ်ခပ်ခြင်း



တခါတုန်းက တရုတ်ပြည်မှာ လီလီဆိုတဲ့ တရုတ်မလေးဟာ အမျိုးသားတယောက်နဲ့ အိမ်ယောက်ကျပြီး ယောက္ခမအိမ်မှာ လိုက်နေပါတယ်။တအိမ်တည်းမှာလီလီတို့ဇနီးမောင်နှံရယ် ယောက္ခမဖြစ်သူအမေအိုရယ် အတူတကွနေထိုင်ကြတယ်။

သိပ်မကြာခင်မှာပဲ ယောက္ခမဖြစ်သူအဖွားကြီးနဲ့အတူနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို လီလီဟာ သဘောပေါက် နားလည်လိုက်ပါတယ်။ အကြိုက်စရိုက်ချင်းကတခြားစီဖြစ်နေတာကြောင့်လီလီဟာ ယောက္ခမဖြစ်သူရဲ့ အပြုအမူတွေကိုကြည့်ပြီး အမြဲတမ်းစိတ်ညစ်နေရပါသတဲ့။

ဆေးလိပ် (သို့ မဟုတ်) ဖြေရှင်းရတော့မည့် ပြဿနာ တစ်ရပ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2MZmyW7ehIGDI34mXs_AymhnhUa-s0jYXbN9LDmvYEftI_WsAxwX98nysH7KbJjKIXTLxv7pykLAYveOsVKvdt0ivHQ3MWzmQkZQs9RSKGK0Gj7ivvcjNAkYJiS3res6Pg-5WQ-BVEbc1/s1600/12.jpg
"အစ်ကို ဆေးလိပ်သောက်အုံးမလား "
အသံကြားရာ မော့ကြည့်လိုက် တော့ ဆေးလိပ်ကုမ္ပဏီ တစ်ခုဧ။် ဝန်ထမ်းဝတ်စုံဝတ်ထားပြီး ဆေးလိပ်ဗူး များကို ကိုင်ထားသော အပြုံးချိုချို ဖြင့်မိန်းမပျိုလေး တစ်ယောက်။
"အခု ပရိုမိုးရှင်းကာလဆိုတော့ တစ်ဗူးဝယ်ရင် တစ်ဗူးလက်ဆောင်ပေးတယ်အကို၊ပြီးတော့ ဗလာမပါ ကံစမ်း မဲ လည်း နှိုက်လို့  ရတယ်" ဟု သူမက အားတက်သရောဆက်ပြောသည်။
"တော်ပါပြီ ညီမလေး ။ အကိုက ဆေးလိပ်မသောက်တတ်ပါဘူး " ဟု ငြင်းလွှတ်လိုက်တော့
"ကျေးဇူးတင်ပါတယ် အကို" ဟု ပြောကာ ကျွန်တော်ထိုင်နေသောလက်ဖက်ရည်ဆိုင်ထဲရှိ တခြား သူများ ထံသို့  သွားရောက်ကာ ဆက်လက်ရောင်းချနေသည်ကို တွေ့ ရသည်။ သူမနှင့်အတူ တူညီဝတ်စုံဝတ်ဆင် ထားသော အခြားအရောင်းမြှင့်တင်ရေးဝန်ထမ်းကောင်မလေး လေးငါးယောက် လောက် လက်ဖက်ရည် ဆိုင်ထဲရှိ လူ တစ်ချို့  ထံလိုက်လံရောင်းချကာ ပရိုမိုးရှင်းလုပ်နေသည်ကိုလည်း တွေ
့ရသည်။ဝယ်သူလည်းရှိ မဝယ်သူလည်းရှိသလို ပရိုမိုးရှင်းအနေနှင့်အခမဲ့ပေးသည့် ဆေးလိပ်ကို စမ်းသပ် သောက်သုံးကြည့်နေသူများလည်းရှိသည်။ဒီလို ဆေးလိပ်ကုမ္ပဏီ များ ဧ။် ပရိုမိုးရှင်း
မျိုးသည် မြန်မာပြည်ရှိ အမျိုးသား အများစု စုဝေးရာလက်ဖက်ရည်ဆိုင်များစားသောက်ဆိုင်များ ဘီယာ ဆိုင်များတွင် တွေ့ မြင်နေကျ မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

Saturday, 7 December 2013

ဝေသန္တရာမင်းကြီး၏ ဆုတောင်း


(၁) ကျွန်ုပ်အား ခမည်းတော်မင်းကြီးက ပြန်ခေါ်၍ မင်းအဖြစ် ပေးစေလိုပါသည်။
(၂) မင်းအဖြစ်သို့ ကျွန်ုပ်ရောက်သောအခါ မင်းပြစ်မင်းဒဏ်သင့်၍ သတ်ထိုက်သူပင်ဖြစ်စေ၊ မသတ်ဖြတ်ရလို။
(၃) ကျွန်ုပ်သည် လူခပ်သိမ်းတို့၏ မှီခိုအားထားရာ ဖြစ်လို၏။
(၄) သူတစ်ပါး မယားကို မပြစ်မှားရလို။ မိမိမယားဖြင့်သာ ရောင့်ရဲလို၏။
(၅) သားတော် သမီးတော်တို့သည် အသက်ရှည်စွာ တရားသဖြင့် မင်းစည်းစိမ်၌ ပျော်စံကြစေလို၏။
(၆) နောက်နေ့နံနက်တွင် နတ်ဘောဇဉ် ခဲဖွယ်တို့ဖြစ်ပေါ် လာစေလို၏။
(၇) လှူဆဲအခါ၌လည်း စိတ်ကြည်လင်၍ လှူပြီးသောအခါ၌လည်း နောင်တ ပူပန်ခြင်း မရှိစေရအောင် ပစ္စည်းဥစ္စာတို့သည် လှူ၍ မကုန်မခန်းစေလို။
(၈) ဤဘဝမှ စုတေသောအခါ တုသိတာနတ်ပြည်သို့ ရောက်၍ ထိုမှတစ်ဖန် ဤလူ့ပြည်သို့ လာ၍ ဘုရားအဖြစ်သို့ ရောက်ရလို၏။

ဝေဿန္တရာမင်းကြီး၏ ခန္တီ ၊ ပါရမီ နှင့် အလှူဒါန

အဘယ့်ကြောင့် ဒေ၀ဒတ်ကို ရဟန်းပြုပေးပါသနည်း


 မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို “အရှင်ဘုရား၊မြတ်စွာဘုရားသည် ဒေ၀ဒတ်ကို ရဟန်းပြုပေးလိုက်လျှင်နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု သိတော်မူသည် မဟုတ်ပါလော၊
သိပါလျက် အဘယ့်ကြောင့် ရဟန်းပြုပေးပါသနည်း၊
ရဟန်းပြုမပေးလျှင် သံဃာကို သင်းခွဲ၍ မဖြစ်နိုင်သည် မဟုတ်ပါလော”
ဟု မေးလျှောက်ရာ

အရှင်နာဂသိန်မထေရ်က
“မင်းကြီး၊ ဒေ၀ဒတ်သည် နောင်အခါ သံဃာကို

ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်း


 မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံးနေထိုင်တော်မူစဉ် သံဃာအစည်းဝေးတစ်ခု၌ သံဃာအများသည် "ငါရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း "ဟု ဆွေးနွေးနေကြ၏ ။အချို့ က တန်ခိုးကြီးသော မင်း အဖြစ်သည် ချမ်းသာ၏ ဟုဆိုကြကုန်၏ ။ အချို့ က ကာမဂုဏ်၊စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောလူသည် ချမ်းသာသည် ဟုဆိုကုန်၏။အချို့ က အလိုရှိသမျှ အစားးကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်ဟု ဆိုကုန်၏။

ချမ်းသာခြင်းအကြောင်းကို စိတ်ကူးရသလို

မြင့်မြတ်သူတို့ အုပ်ချုပ်သော နိုင်ငံ (အကောင်းသံသရာနှင့် အဆိုးသံသရာ)


 ဓမ္မတာအားဖြင့် မြင့်မြတ်သူတို့ အုပ်ချုပ်သော နိုင်ငံသည် သာယာ၏။ ယုတ်ညံ့သူတို့အုပ်ချုပ်သောနိုင်ငံသည် မသာယာ။

လောကဖြစ်စဉ်တို့သည်လည်းကောင်း၊ လောကချုပ်စဉ်တို့သည်လည်းကောင်း ပဋိစ္စ သမုပါဒ် ဒေသနာတော်အရ စက်ဝိုင်းသဖွယ်ဖြစ်ပါ၏။ ထို့ကြောင့် တရားနှင့် အညီ အုပ်ချုပ်သောဘုရင်များ စိုးစံသောအခါ နိုင်ငံတော်သည် သာယာအေးချမ်း၏။ အေးချမ်းသာယာသော နိုင်ငံတော်၌ တရားနှင့်အညီ အုပ်ချုပ်သော ဘုရင်များပေါ်ပေါက်၏။ ဤသည်မှာ အကောင်း သံသရာ လည်ခြင်းဖြစ်၏။ အကျဉ်းအားဖြင့်ဆိုရလျှင် ဘုရင်ကောင်းလျှင် နိုင်ငံ ကောင်း၏။ နိုင်ငံကောင်းလျှင်

အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော



ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင် မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က

မိန်းမတွေရဲ့ တန်ဖိုး


 “ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”

“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”


“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ”

“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”