Monday 30 September 2013

“ဘ၀ထဲက ဘာဝနာ”


စာမြည်း။ ။ တရားအားထုတ်တယ်ဆိုတာ လူသိဖို့ မလိုပါဘူး။
လူသိအောင်လည်း ကြော်ငြာစရာ မလိုပါဘူး။ ရှေး ထေစဉ် ၀ါ
ဆက်လည်း ငါမှာ တရားဘယ်အဆင့်ရောက်နေပြီလို့ မပြောခဲ့
ဘူး။ ပြောခွင့်လည်း မရှိဘူး။ တခါတလေမှာ ရဟန်းတော်တွေ
အတွက် အလိုဆိုးနဲ့ မဟုတ်မမှန်တာ ပြောမိရင် ဥတ္တရိမနုဿ
ဓမ္မသိက္ခာပုဒ်နဲ့ သွားညှိတတ်ပါတယ်။ ဆင်ခြင်နိုင်ကြပါစေ။

ဗုဒ္ဓဘာသာဝင်တွေရဲ့နေ့စဉ် ကုသိုလ်ကိစ္စတွေဆိုတာ ဒါန(စွန့်လှူခြင်း) သီလ(ကိုယ်နဲ့နှုတ် စောင့်စည်းခြင်း)နဲ့ ဘာဝနာ(ပွားများအားထုတ်ခြင်း)တို့ပဲဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။

ဘုရားရှင် လက်ထက်ကတော့ ရဟန်းတော်တွေဟာ

Sunday 29 September 2013

ထူးထူးဆန်းဆန်း မျက်လှည့်ဆရာလေး .....


အဟိတိရစ္ဆာန်ဖြစ်သော်ငြား မိခင်မေတ္တာအပြည့်ရှိ တကယ်ကို လေးစားလောက်ပါတယ်....


အိုဇေးလ်ရဲ့ ပီကေ တော့စကေး


မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း




 မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း ( မင်္ဂလာသတင်းစဉ် ) ရေအသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ရေသည် မရှိမဖြစ် အဓိကလိုအပ် ချက် ဖြစ်နေသောကြောင့် ရေကို အမျိုးမျိုး ရှာဖွေနေကြပါသည်။

◄ ရွှေတိဂုံစေတီတော်ကြီး၏ ဌာပနတိုက် ►




ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် အနိမ့်အမြင့် ဖြစ်ပေါ်စေတဲ့ ( ၁ဝ ) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲ့ဒီရေတွင်းထဲမှာ ( ၆ ) ပေခွဲလောက် ရှိပြီး ရတနာများစီချယ်ထားတဲ့ ရွှေလှေတစ်စီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့သည့် မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ က ပြောကြားခဲ့တယ်လို့ ( ၁၃.၃.၆၈ ) နေ့ ထုတ် ကြေးမုံသတင်းစားမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း ( ပေါင်းတည် ) ရဲ့ ပြန်လည်ဖော်ပြချက်အရ သိရှိရပါသည်။
မစ္စတာအပရမေ ကို ကြေးမုံသတင်းစာက တွေ့ ဆုံးမေးမြန်းရာ ၁၉ဝ၄ ခု၊ သူ့ ရဲ့အသက် ( ၇ ) နှစ်အရွယ်မှာ သူငယ်ချင်းတွေနဲ့ အတူ ရွှေတိဂုံဘုရားသို

ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ



 ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ရပါသေး တယ်။ အဲဒီအတွက်ကြောင့် ကျောက် ကပ်နှလုံးကို ဂရုစိုက်ပေးခြင်းဟာ

အမ္ဗပါလီ ထေရီမ

အမ္ဗပါလီ ထေရီမ ဟာ လွန်ခဲ့တဲ့ ၃၁ကမ္ဘာ အထက် သိခီဘုရားရှင်ရဲ့  သာသနာတော်မှာ ရဟန်းမ၀တ်ခဲ့တယ်..။ တစ်နေ့ မှာ... ဘိက္ခူနီမများစွာတို့ နဲ့  အတူ စေတီတော်ကို ရှိခိုးပူဇော်ပြီး လက်ယာရစ်လှည့်ကြသတဲ့ ..။ ရှေ့ က ကြွသွားတဲ့ရဟန္တာမတစ်ဥိးက နှာချေပြီး နှပ်အနည်းငယ် ကျကျန်ရစ်တယ်..။ အဲဒီနှပ်ကိုမြင်တော့ ဒီနှပ်ကို ဘယ်ပြည့်တန်ဆာမက ချထားခဲ့တာလည်းလို့  အမှတ်တမဲ့ဆဲခဲ့တယ်..။ အဲဒီဆဲမိတဲ့ကံကြောင့် ငရဲကျသွားတယ်..။ ငရဲက လွတ်ပြန်တော့ ဘ၀ပေါင်း တစ်သောင်း ပြည့်တန်ဆာမ ဖြစ်ခဲ့တယ်.။ ကဿပဘုရားရှင်ရဲ့ သာသနာတော်မှာ ဘိက္ခုနီမဖြစ်တယ်..။ အဲဒီဘ၀ကစုတေတော့ တာဝတိံသာဘုံမှာ နတ်သမီးဖြစ်တယ်..။ အဲဒီဘ၀က စုတေတော့ မင်းရဲ့ ဥယာဉ်အတွင်း သရက်ပင်မှာ ၁၅နှစ် ၁၆နှစ် သမီးအရွယ်.. ဥပပါတ် ပဋိသန္ဓေ တည်နေဖြစ်ပေါ်လာတယ်.။ ရုပ်အဆင်းလှပတင့်တယ်ခြင်းရှိတဲ့အတွက် လိုချင်သူပေါများလို့  ပြည့်တန်ဆာမ ခန့် ထားခြင်းခံရတယ်..။( ဆဲတတ်တဲ့ သူတွေ ..သတိထားစရာပဲနော်...)

SweSwe Winn