အချိန်တိုင်းတန်ဖိုးရှိပါစေ
==========================
ကျွန်တော်တို့ ငယ်ရွယ်နေတဲ့အချိန်မှာ ဘယ်အလုပ်ကိုမဆို လုပ်နိုင်ကြပါတယ်....ဒါပေမဲ့ အသက်ကြီးလာတဲ့တနေ့ ကျွန်တော်တို့ ဘယ်လိုရပ်တည်ကြမလဲ ????
ဘယ်အချိန်သေမယ်မသိရတဲ့ ရရှိနေဆဲဘဝကို ဆက်လက်ရှင်သန်ဖို့ ဘယ်လိုရှာဖွေရုန်းကန်ကြမလဲ ??????
အချိန်ဆိုတာ လူကိုမဆောင့်ပါဘူး....
အချိန်ရှိခိုက်လုံ့လစိုက်လို့ ကိုယ့်ရည်မှန်းချက်များအကောင်အထ ည်အမြန်ပေါ်အောင် ကျိုးစားကြပါစို့.............( WMO )
========================================
ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်
၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း သူတပါးအလုပ်ကို ၀င်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။
၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုးစားပါ။
၃။ လိုချင်စိတ်တော့ထားပါ။ သို့သော် ငတ်ကြီးမကျမိအောင်ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။
၎။ တဖက်သားအပေါ်မနာလိုဝန်တိုစိတ် မဖြစ်မိစေရန် ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။
၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့်အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။
၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။
၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ စိတ်ဓာတ်မျိုးမမွေးမိအောင် ကြိုးစားပါ။
၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့စိတ်ဓာတ် မွေးမြူထားပါ။
၉။ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ အချိန်မဆွဲမိအောင် ကြိုးစားပါ။
၁၀။ ဘယ်တော့မှ သတိလက်လွတ်မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။
ထာဝရအလင်းတန်းများ
======================================================
သင့်အမေက သူ့ရဲ့သားအိမ်ထဲမှာ သင့်ကို ၉ လနီးပါးထည့်ထားရပါတယ်တဲ့။
ပျို့အ န်ချင်စိတ်တွေနဲ့
တစ်လလောက် နေမကောင်းဖြစ်ခဲ့ရပါတယ်။အိပ်မပျော်တဲ့
ညပေါင်းများစွာကိုလဲ ဖြတ်သန်းခဲ့ရပါတယ်။သင့်ကိုဒီလောကထဲ မွေးထုတ်ပေးတဲ့အချိန်မှာ အလွန်အမင်းနာကျင်မှုကို အံကြိတ်သည်းခံပြီး သင့်ကိုမွေးပေးခဲ့တာပါ။လှေကားတွေကို ဖြေးဖြေးတက်ရတယ်။အစားသောက်တွေလဲ ရှောင်ခဲ့ရတယ်။ခံတွင်းတွေပျက်လို့ မစားနိုင်မသောက်နိုင်တဲ့ နေ့တွေဒုနဲ့ဒေး။သင်မွေးမလာခင်ကတ ည်းက သင့်ကို ချစ်နေခဲ့ရတာ။သင့်အမေရဲ့ သွေးတွေနဲ့ သင်အသက်ဆက်ခဲ့ရတယ်။
သင့်ကိုမွေးပြီးတဲ့ အချိန်မှာ လဲ သင့်အမေကသင့်ရဲ့ ကလေးထိန်းဖြစ်ပါတယ်၊သင့်ရဲ့သူနာ ပြုဆိုလဲဟုတ်ပါတယ်၊သင့်ကို အစေခံတစ်ယောက်လိုပြုစုရပါတယ်။သင့်ရဲ့ ဆရာဆိုလဲဟုတ်ပါတယ်၊သူငယ်ချင်းဆိုလဲ ဟုတ်၊သင်ဖျော်ဖြေ သမျှကိုလက်ခံအားပေးတဲ့ သင့်ရဲ့အမာခံပရိတ်သတ်ဆိုလဲမမှား ပါဘူး။
သင့်အမေဟာ သင့်အတွက် ငိုကြွေးခဲ့ရတယ်၊ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရတယ်၊သင့်အတွက်ဆုတော င်းခဲ့ရတယ်၊သင့်အတွက်. . . . . . .
လူတော်တော်များများဟာ ကျွန်တော်တို့ရဲ့ အမေတွေ ကျွန်တော်တို့အတွက်နဲ့ ဘယ်လောက်ပင်ပန်းခဲ့ရလဲဆိုတာကို မသိခဲ့ကြဘူး။
တကယ်လို့ သင့်မှာ အမေရှိနေသေးရင် သင့်အလုပ်တွေနဲ့ အချိန်မရရင်တောင် ဒီတစ်နေ့တော့ သင့်အမေဆီသွားပါ။သင့်အမေအတွက် လက်ဆောင်တစ်ခုမပါရင်တောင် သင်ဟာသင့်အမေအတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။
ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ သင်ချစ်တဲ့သင့်အမေနဲ့ အတူပျော်ရွင်နိုင်ကြပါစေ။
မောင်စိုင်း
Scientist Myanmar's photo. မှကူးယူဖေါ်ပြပါသည်
==================================================================

၃။ လိုချင်စိတ်တော့ထားပါ။ သို့သော် ငတ်ကြီးမကျမိအောင်ကိုယ့်လောဘကို

ပျို့အ
တစ်လလောက် နေမကောင်းဖြစ်ခဲ့ရပါတယ်။အိပ်မပေ
ညပေါင်းများစွာကိုလဲ ဖြတ်သန်းခဲ့ရပါတယ်။သင့်ကိုဒီလောကထဲ မွေးထုတ်ပေးတဲ့အချိန်မှာ အလွန်အမင်းနာကျင်မှုကို အံကြိတ်သည်းခံပြီး သင့်ကိုမွေးပေးခဲ့တာပါ။လှေကားတေ
သင့်ကိုမွေးပြီးတဲ့ အချိန်မှာ လဲ သင့်အမေကသင့်ရဲ့ ကလေးထိန်းဖြစ်ပါတယ်၊သင့်ရဲ့သူနာ
သင့်အမေဟာ သင့်အတွက် ငိုကြွေးခဲ့ရတယ်၊ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရတယ်၊သင့်အတွက်ဆုတော
လူတော်တော်များများဟာ ကျွန်တော်တို့ရဲ့ အမေတွေ ကျွန်တော်တို့အတွက်နဲ့ ဘယ်လောက်ပင်ပန်းခဲ့ရလဲဆိုတာကို မသိခဲ့ကြဘူး။
တကယ်လို့ သင့်မှာ အမေရှိနေသေးရင် သင့်အလုပ်တွေနဲ့ အချိန်မရရင်တောင် ဒီတစ်နေ့တော့ သင့်အမေဆီသွားပါ။သင့်အမေအတွက် လက်ဆောင်တစ်ခုမပါရင်တောင် သင်ဟာသင့်အမေအတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။
ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ သင်ချစ်တဲ့သင့်အမေနဲ့ အတူပျော်ရွင်နိုင်ကြပါစေ။
မောင်စိုင်း
No comments:
Post a Comment