အမ္ဗပါလီ
ထေရီမ ဟာ လွန်ခဲ့တဲ့ ၃၁ကမ္ဘာ အထက် သိခီဘုရားရှင်ရဲ့  သာသနာတော်မှာ
ရဟန်းမ၀တ်ခဲ့တယ်..။ တစ်နေ့ မှာ... ဘိက္ခူနီမများစွာတို့ နဲ့  အတူ
စေတီတော်ကို ရှိခိုးပူဇော်ပြီး လက်ယာရစ်လှည့်ကြသတဲ့ ..။ ရှေ့ က
ကြွသွားတဲ့ရဟန္တာမတစ်ဥိးက နှာချေပြီး နှပ်အနည်းငယ် ကျကျန်ရစ်တယ်..။
အဲဒီနှပ်ကိုမြင်တော့ ဒီနှပ်ကို ဘယ်ပြည့်တန်ဆာမက ချထားခဲ့တာလည်းလို့ 
အမှတ်တမဲ့ဆဲခဲ့တယ်..။ အဲဒီဆဲမိတဲ့ကံကြောင့် ငရဲကျသွားတယ်..။ ငရဲက
လွတ်ပြန်တော့ ဘ၀ပေါင်း တစ်သောင်း ပြည့်တန်ဆာမ ဖြစ်ခဲ့တယ်.။ ကဿပဘုရားရှင်ရဲ
့သာသနာတော်မှာ ဘိက္ခုနီမဖြစ်တယ်..။ အဲဒီဘ၀ကစုတေတော့ တာဝတိံသာဘုံမှာ
နတ်သမီးဖြစ်တယ်..။ အဲဒီဘ၀က စုတေတော့ မင်းရဲ့ ဥယာဉ်အတွင်း သရက်ပင်မှာ ၁၅နှစ်
၁၆နှစ် သမီးအရွယ်.. ဥပပါတ် ပဋိသန္ဓေ တည်နေဖြစ်ပေါ်လာတယ်.။
ရုပ်အဆင်းလှပတင့်တယ်ခြင်းရှိတဲ့အတွက် လိုချင်သူပေါများလို့  ပြည့်တန်ဆာမ ခန့် ထားခြင်းခံရတယ်..။( ဆဲတတ်တဲ့ သူတွေ ..သတိထားစရာပဲနော်...)
SweSwe Winn
SweSwe Winn
No comments:
Post a Comment