Thursday 12 December 2013

“သေခြင်းတရား”



“သေခြင်းတရား” •••••••••••••••••••••••• ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။ (၁) အသက်တမ်းကုန်၍ သေခြင်း။ (၂) ကံစွမ်းကုန်၍ သေခြင်း။ (၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။ (၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။ သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။ ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။ (၁)ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော (မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။ ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။ (၂)ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။ (ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့ထင်ပေါ်တတ်၏။ အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ ဒွါရခြောက်ပါး၌ ထင်၏။ (၃)ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။ (ဥပမာ – အမိဝမ်းရေ၊ ငရဲဘုံ), “ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ” (ဥပမာ – လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး)ပေါ်တတ်၏။ ပဋိသန္ဓေအကျိုးပေးတော့မည့် ကံ ၊ ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.သည် မသေမီ ဘ၀မှ မဟုတ်ဘဲ ရှေးရှေးဘ၀များစွာက လည်း ကံ ၊ ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.လည်း ဖြစ်နိုင်ပါသည်။ (အကျယ်ကို ကံမ္မဖလသုတ်တော်တွင် ဖတ်ရှုနိုင်သည်။) ထိုသို.တစ်ဘ၀၏ နောက်ဆုံးစိတ်(စုတိစိတ်)ဖြစ်ပြီးနောက် အခြားမရှိ နောက်ဘ၀တွင် ပဋိသန္ဓေစိတ် ဖြစ်သည်။ အခြားမရှိဆိုသည်မှာ တဆက်တစပ်ထဲဖြစ်သည်ကိုဆိုလိုသည်။ ♦ သေခြင်းနှင်.ပတ်သတ်၍ ဗုဒ္ဓ ဘာသာ များ အထူးသိရန် ဒိဋ္ဌိ နှစ်ပါးကို အောက်တွင် ဖော်ပြထားပါသည်။ သဿတဒိဋ္ဌိ ၊ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။ ♦ “ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏” ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။ ♦ “ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင် ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။ ♠ ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊ တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။ ♠ ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်းမဟုတ်။ ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။ ♠ တောင်အနီး၌ ဟစ်အော်သော အသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’ ပြန်ထွက်လာသကဲ့သို့တည်း။ ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ မူလအော်သံနှင့်ကင်းလျက်လည်း မဖြစ်နိုင်။ ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ ၊ တဏှာ၊ သင်္ခါရ အကြောင်း များနှင့်လည်း မကင်းနိုင်။ ♠ ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် ပထမဆီမီး၏ အဆက်လည်း မဟုတ်၊ ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊ ♠ တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်၊ မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။ ကိုးကား : (သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ) Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment