ဘိက္ခုနီတွေ ပေးရတဲ့ ၀န်ခံဂတိ (၈) မျိုး အနက် နံပါတ် ( ၁ ) အချက်ကို German မလေးက ဘုရားက မတရားဘူး၊ ခွဲခြားတယ်ဆိုပြီလာလျှောက်လို့ ဆရာတော် ဖြေကြားထားတဲ့ အဖြေလေးပါ။ ~~~~~
ဝိနည်းဆိုတဲ့ ဒီဥပဒေတွေဟာ Reality ဆိုတဲ့ အမှန်တရားတွေ မဟုတ်ဘူး၊
Concept လို့ခေါ်တဲ့ အယူအစတရားတာဖြစ်တယ်။
အယူအစတရားဆိုတာ Historical Background တွေ ကြည့်ရတယ် ဒါက သိပ်အရေးကြီးတယ်။
ဒီနေ့ Society နဲ့ လွန်းခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ Society က လူတွေရဲ့ Idea တွေ Opinion တွေက မတူဘူး။
မြတ်စွာဘုရားက India နိုင်ငံမှာပွင့်တာ၊ အဲ့ဒီတုန်းက လူတွေနဲ့ ဒီခေတ်က လူတွေရဲ့ အတွေးအခေါ်တွေ အများကြီးကွာခြားသွားပြီး။
ထိုခေတ်က Society တွေမှာ လိုအပ်လို့ မြတ်စွာဘုရားက ဒီဥပဒေတွေ ထုတ်ထားတာ။
ဒီခေတ် ဒီခါမှာတော့ လိုချင်မှလိုမယ်၊ ဟိုခေတ်ဟိုခါတုန်းကတော့ လိုအပ်လို့ ထုတ်ထားတာ။
အဲ့တော့ ဥပဒေဆိုတာ ပုံမှန်မရှိဘူး။ Germany နိုင်ငံကိုပဲကြည့် Hitler လက်ထက်တုန်းက ဥပဒေနဲ့ ဒီခေတ်က ဥပဒေတွေ တူသေးလား။
အေး ဥပဒေဆိုတာ ပြောင်းလဲတယ်၊ အမှန်တရားပဲ မပြောင်းလဲဘူး။ လွန်းခဲ့တဲ့ ၂၅၀၀ တုန်းက မီးကအေးတယ် အခုခေတ်က မီးကပူတယ်လို့ ပြောလို့ရလား။
မရဘူး။ အမှန်တရားက ပြောင်းလို့မရဘူး၊ ဥပဒေဆိုတာ လိုအပ်သလိုလုပ်သွားတယ်၊ ပြောင်းသွားတယ်။
....................................
the eXistence မှ အရှင်နန္ဒမာလာဘိဝံသ ဟော်ကြားထားသော "သြကာသရှင်းတမ်း" တရားတော်မှ ကောက်နုတ်တင်ပြသည်။

No comments:
Post a Comment