သူ သေသွားပြီ ဆိုတဲ့ ကောလာဟလက ဖေ့စ်ဘုတ်မှာ Mr. Bean ကွယ်လွန်ခြင်း ဆိုတဲ့အမည်နဲ့ စာမျက်နှာတခု ဖွင့်ရာကနေ အစပြုပါတယ်။ like လုပ်သူ တသန်း ကျော်သွားတယ် ဆိုပဲ။
ဒီနည်းနဲ့ ဒီသတင်းမှား ထွက်နေတာပါ။
နိုင်ငံတကာမှာရှိတဲ့ သူ့ပရိသတ်များက ၀မ်းနည်းကြောင်း
မှတ်ချက်ပေးကြ ရေးကြပါတော့တယ်။
Facebook မှာ တွေ့သမျှ မယုံရ ဆိုတာက ဒီဖြစ်ရပ်တွေက သက်သေပါပဲ။
Mr. Bean ရဲ့ ပြောခွင့်ရအရာရှိများကတော့ ဒီလူကြီး ကျန်းမာပကတိ ချမ်းသာစွာ ရှိနေကြောင်း အတည်ပြုကြပါတယ်။
ထင်ရှားကျော်ကြားသူများသေဆုံးကြောင်း သတင်းမှားထုတ်ပြန်ခြင်းတွေကို မယုံကြဖို့ ဒီလူကြီးက တိုက်တွန်းလိုက်ပါတယ် တဲ့။
Mr. Bean လိုပဲ နှစ်ဆန်းပိုင်းတုန်းက ခံခဲ့ရသူက ဂျက်ကီချန်း ဖြစ်ပါတယ်။
Mr. Bean နဲ့ ဂျက်ကီချန်း တို့လို ထင်ရှားသူတွေ သေဆုံးတယ် ဆိုတဲ့ သတင်းဖြစ်ဖြစ် ဘာသတင်းပဲဖြစ်ဖြစ် အတည်ပြုဖို့ ဆိုရင်တော့ ဖေ့စ်ဘုတ်တခုတည်းကို အားကိုးလို့ မရဘူး ဆိုတာ ဒီကနေ့ ပေါ်ထွက်နေတဲ့ ကောလာဟလက သက်သေပါပဲ။
သတင်းမှန် ဟုတ်မဟုတ် သိဖို့ ဆိုရင် အွန်လိုင်းသတင်းစာမျက်နှာများကို သွားဖတ်တာ အကောင်းဆုံး အသင့်တော်ဆုံးဖြစ်မယ်လို့ ဆိုချင်ပါတယ်။
ဧရာဝတီblog

No comments:
Post a Comment