Wednesday 27 November 2013

ဗုဒ္ဓ ရုပ်ပွားတော်မှ ဆံတော်များ ကွန့်မြူး လှိုင်သာယာ မြို့နယ် ၌ အပူဇော်ခံ ထားရှိ


 ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ရွာသစ်ကန်ဦး ကျောင်းလမ်းရှိ ဦးခင်မောင်ဦး၏ နေအိမ်၌ ကိုးကွယ်ထားသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မှ ထူးထူးခြားခြား ဆံတော်များ ကွန့်မြူး ထွက်ပေါ်လျက် ရှိရာ ခုနစ်ရက် သားသမီးများ၏ တောင်းဆိုချက် အရ လှိုင်သာယာ မြို့နယ် ကဆင် (၂၃)ရပ်ကွက် ကျန်စစ်သားလမ်းနှင့် ရွှေလင်ပန်း လမ်းဆုံ ထိပ် အမှတ် (၁၉၄၁)၌ အများ ပြည်သူများ ဖူးမြော်နိုင်ရန် နိုဝင်ဘာ ၂၄ ရက်က စတင်အပူဇော်ခံ ထားရှိကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ရုပ်ပွားတော်နှင့် ပတ်သက်၍

ဘုရားဒါယကာ ဦးခင်မောင်ဦးက ''ကျွန်တော်က အစိုးရ ဝန်ထမ်း တစ်ဦးပါ၊ ဒီ ရုပ်ပွား တော်မြတ် ကို ကျွန်တော့် ဆရာ ရာထူးတိုးပြီး အပြောင်း အရွှေ့ ပါတော့ ကျွန်တော့် ကို လက်ဆောင် အဖြစ် ကိုးကွယ်ဖို့ ပေးခဲ့တာပါ၊ အဲဒီ အချိန်က ၂ဝ၁၃ ခုနှစ် မတ်လ ဖြစ်ပါတယ်။ အဲဒီကနေ ကျွန်တော့် နေအိမ်မှာ ကိုးကွယ် ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ ရက်မှာတော့ ထူးခြားမှု တွေ ရှိလာပါတယ်၊ ဘုရားမှာ ကပ်လှူ ထားတဲ့ သပြေပန်းအိုး ကနေ အညွန့် အသစ် နှစ်ခက် ထွက် လာပါတယ်၊ ကျွန်တော် လည်း ဒီဖြစ်ရပ် တွေကို အံ့အား သင့် သွားပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ ''အဲဒီလိုဖြစ်ရပ်တွေ ဖြစ်ပြီး တစ်ပတ် ခန့် အကြာမှာ ဒီရုပ်ပွားတော် မြတ် ရဲ့ ဦးခေါင်း ဦးသျှောင် အထက်ပိုင်း မှာ ဆံတော်တွေ ထွက်လာ တော့ တာပါပဲ။ ဒါနဲ့ ကမ္ဘာအေး က ပညာ သိပ္ပံ ကျောင်းတိုက် ဆရာတော်ကြီး ကို လျှောက်ထား တော့ ဒါဟာ ဘုရား ဆံတော် တွေ ကွန့်မြူးတာ၊ ယခင် မင်းကို ပေးခဲ့တဲ့ မင်းရဲ့ ဆရာကို အကျိုး အကြောင်း ပြောပြီး အသေအချာ ကိုးကွယ် ပါလို့ မိန့်ကြား ခဲ့တယ်၊ နောက်တော့ ကျွန်တော် လည်း ဆရာတော် မိန့်ကြားတဲ့ အတိုင်း ပြုလုပ်ခဲ့ပါတယ်၊ ရပ်မိရပ်ဖ တွေရဲ့ တောင်းဆို ချက် အရ ရုပ်ပွားတော်မြတ် ကို နိုဝင်ဘာ ၁၇ ရက် ကစပြီး လှည့်လည် အပူဇော် ခံခဲ့ ပါတယ်၊ ယခုလည်း လှိုင်သာယာ က ဓမ္မ မိတ်ဆွေ တွေရဲ့ဆန္ဒ အရ ပင့်ဆောင် အပူဇော် ခံခြင်း ဖြစ်ပါတယ်'' ဟု ဘုရား ဒါယကာ ဦးခင်မောင်ဦး က ထပ်မံ ပြောကြားသည်။

ထို ဗုဒ္ဓ ရုပ်ပွားတော် ဆံတော် များ ထွက်ရှိ လာသည်မှာ ငါးလခန့် ရှိပြီး လှိုင်သာယာ မြို့နယ် ကဆင် (၂၃) ရပ်ကွက် တွင် နိုဝင်ဘာ ၂၇ ရက် အထိ အပူဇော် ခံမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

No comments:

Post a Comment