တနေ့တာပင်ပန်းထားသမျှ ဘဝအမောပြေပျောက်မှူနဲ့၊ဗဟုသုတများ၊အထူးအဆန်းများ၊ရီစရာများ၊ကဗျာများ၊သီချင်းများနှင့်ကောင်းနိုးရာရာများကိုအလျင်းသင့်သလိုပေးသွားမှာမို့လာရာက်လည်ပတ်ရန်ဖိတ်ခေါ်ပါတယ်.......ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ......
Pages
- Home
- မြန်မာဗွီစီဒီသီချင်းများ
- ကဗျာများစုစည်းရာ
- ထူးဆန်းသည်များ ( 1 )
- ထူးဆန်းသည်များ ( ၂ )
- ရီစရာလေးများ ( ၁ )
- ရီစရာလေးများ ( ၂ )
- ရီစရာလေးများ ( ၃ )
- ဓမ္မစကြာအမွမ်း
- ဗဟုသုတများ ( စာမျိုးစုံ )
- ဂစ်တာသမားများနှင့်မိတ်ဆက်ပေးခြင်း ( ဗွီဒီယို )
- ကမ္ဘာကျော်ဂစ်တာတီးသမားဂျိုး ( ဗွီဒီယို )
- သတင်းပေါင်းစုံ
- နိုင်ငံခြားသီချင်းများလေ့လာရန်
- ဓမ္မမိတ်ဆွေများအတွက်
- Facebook ဟက်ခံရရင် ပြန်ယူနည်း
Wednesday, 27 November 2013
လက်ပံတောင်းမှာ သံဃာတော် ၈ပါးကို ဗုဒ္ဓကုင်္ရ သူရဲကောင်းဆု ချီးမြှင့်
၂၇.၁၁.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
မန္တလေးတိုင်းဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၊ ပခုက္ကူရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသနဲ့ သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီတို့က ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရရာမှာ ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော် ၈ ပါးကို ဗုဒ္ဓကုင်္ရ သူရဲကောင်းဆု ဒီနေ့ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေက ပြည်သူတွေဘက်က ရပ်တည်တဲ့အပြင်
အကြမ်းဖက်ဖြိုခွင်းလို့ ဒဏ်ရာရတာတောင် ဖြိုခွင်းတဲ့သူတွေကို အခုအချိန်အထိ သည်းခံတဲ့အတွက် အဲ့ဒီဆုကိုဆက်ကပ်ရတာဖြစ်တယ်လို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။
“သပိတ်စခန်းတွေမှာ ကိုယ်နဲ့အသက်ကို မငဲ့ကွက်ဘဲနဲ့ အစိုးရက အကြမ်းဖက်ဖြိုခွင်းတာကို နှုတ်နဲ့တောင်မှ ပြန်ပြီးတော့ အကြမ်းပတမ်း ပြောဆိုခြင်းမရှိဘဲနဲ့ သည်းခံတဲ့အတွက်ကြောင့်မို့ ဗုဒ္ဓကုင်္ရ သူရဲကောင်းဆုပေးဖို့ ဦးဇင်းတို့စီစဉ်ခဲ့တာ၊ ဆုတံဆိပ်က ဘုရားလောင်းမျောက်မင်း ကြိုးတွဲလောင်းနဲ့ ခန္ဓာကိုယ်တံတားထိုးပြီးတော့ မျောက်လေးတွေကိုကယ်တဲ့ ပုံသဏ္ဍန်ပါ”
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဖွင့်ထားတဲ့သပိတ်စခန်းကို အစိုးရက ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူဒေသခံတွေ ရဟန်းသံဃာတွေ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓကုင်္ရ သူရဲကောင်းဆု တံဆိပ်ဆက်ကပ်ပွဲကို လက်ပံတောင်းဒေသ၊ ၀က်မှေးရွာဟောင်းက ရွာဦးဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာတော် ၈ ပါးကို အဲ့ဒီဆုတံဆိပ်အပြင် သံဃာတစ်ပါးချင်းကို ငွေကျပ်ငါးသိန်းစီပါ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment