Saturday 19 October 2013

Play Store က Free ပေးတဲ့ Game တွေ , App တွေကို IDM နဲ့ ဒေါင်းယူရအောင်.......

Play Store က Free ပေးတဲ့ ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ Game တွေ , App တွေကို ဒေါင်းယူ ကြတဲ့အခါ....
Broswer ကပါတဲ့ Downloader (သို့) Phone နဲ့ ဆွဲရတာ အရမ်းကြာပါတယ်..
ခုတော့ အဲ့ဒီပြဿနာကို ဘာဆော့ဖ်ဝဲ မှ သုံးစရာမလိုပဲ Internet Download Manager (IDM) နဲ့ မြန်မြန် ဆန်ဆန် အလွယ်တကူ ဒေါင်းယူနိုင်ပါပြီ....
APK ဖိုင်လ်တွေကို ကွန်ပျူတာပေါ်ကနေ တိုက်ရိုက် ဒေါင်းယူချင်တဲ့ , ဒေါင်းမရတဲ့ သူငယ်ချင်းတွေအတွက်လည်း
တခါထဲ အဆင်ပြေသွားစေမဲ့ နည်းလေးပါ....
နည်းလမ်းကတော့.... အရင်ဆုံး (IDM) Internet Download Manager ကို နည်းနည်းပြင်ပေးဖို့လိုပါတယ်.. IDM ကိုဖွင့်ပြီး Options ကို နှိပ်ပါ...
File types မှာ Space ခြားပြီး APK ရေးထည့်ပါ..(တခြား ကိုယ်ဒေါင်းယူစေချင်တဲ့ File Types တွေကိုလည်း အဲ့ဒီအတိုင်း ရေးထည့်ပေးနိုင်ပါတယ်)
OK နှိပ်ပြီး Save လိုက်ပါ...။
ဒါဆိုရင် APK ဖိုင်လ်တွေကို IDM နဲ့ ဒေါင်းယူဖို့ အဆင်သင့်ဖြစ်နေပါပြီ....။
ပြီးရင်.....
Play Store ကိုသွားပါ.... မိမိ ဒေါင်းယူလိုတဲ့ Game,App နေရာက URL ကို (Link) ကို Copy ကူးပါ...
ပြီးရင် ဒီ Link ကို http://apps.evozi.com/apk-downloader/ နှိပ်လိုက်ပါ...Package name or Google Play URL အောက် Box ထဲမှာ Right Click > Paste ချပြီး....
Generate Download Link ကို နှိပ်လိုက်ပါ...
ခဏနေရင် အောက်မှာ အစိမ်းရောင်လေးနဲ့ Click here to download ကိုနှိပ်ပြီး Internet Download Manager (IDM) နဲ့ အဆင်ပြေစွာဒေါင်းယူနိုင်ပါပြီ....
နောက်တစ်ခု ထပ်ဒေါင်းယူတော့မယ်ဆိုရင်တော့ APK Downloader Page ကို F5 Key ကို နှိပ်ပြီး Refresh လုပ်ပေးပါ...
အဆင်ပြေကြပါစေ...
အအဆင်မပြေခဲ့တာရှိရင်ဒီ Link http://www.winkabarkyaw.net/2013/10/play-storefreegame-app-idm.html မှာ ပုံတွေနဲ့အတူ Video လေးနဲ့ပါ ရှင်းပြပေးထားတာကို.... သွားရောက် လေ့လာနိုင်ကြပါတယ်ခင်မျာ...
အာလုံးကို
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
အားလုံးအတွက် အဆင်ပြေခဲ့တယ်ဆိုရင် Like & Share လုပ်ပေးခြင်းဖြင့်ကူညီကြပါဦးခင်မျာ... ကျေးဇူးတင်ပါတယ်...
www.winkabarkyaw.net
 

No comments:

Post a Comment