Wednesday 23 October 2013

iPad 5 သို့မဟုတ် iPad Air

iPad Air လို့အမည်ရတဲ့ Apple iPad ရဲ့  ပဉ္စမ မျိုးဆက်ကို မိတ်ဆက်ပြသ လိုက်ပြီ ဖြစ်ပါတယ်။ WWDC 2013 Event မှာ ဖြစ်ပါတယ်။

ထူးခြားသွားချက်ကတော့ Air လို့အမည်ထည့်ပေးတဲ့အတိုင်း ပိုလည်း ပါးသွားသလို၊ ပိုလည်း ပေါ့သွားပါတယ်။ အထူ 7.5 မီလီမီတာ သာ ရှိပြီး အလေးချိန်က တစ်ပေါင်ထဲပါ။ အရင်ဗားရှင်းထပ် ၂၈ ရာခိုင်နှုန်းပေါ့သွားပြီး၊ ၂၀ ရာခိုင်နှုန်းပါးသွားပါတယ်။ ဒီဇိုင်းလည်း ပြောင်းလဲ သွားပါတယ်။ A7 Chip ကို အသုံးပြုထားပြီး 64 Bit Architecture ကို မြင်တွေ့ရမှာပါ။ Desktop Class architecture လို့ဆို ပါတယ်။ Antenna ၂တိုင်ပါပြီ။ Wi Fi အရင်က ထပ် ၂ ဆ ပိုမြန်သွားပါမယ်။ အရွယ်ကတော့ ၉.၇ လက်မ ရှိပါတယ်။ Retina Display့ို အသုံးပြုပြီး Resolution က 2048x1536 ရှိပါတယ်။

တစ်ခုရှိတာက ကင်မရာ ပြောင်းလဲမသွားပါဘူး။ iPad 4 တုန်းကလိုပဲ 5 Megapixel iSight Camera ကိုပဲ အနောက်မှာ ပြန်လည် အသုံးပြုထားမှုကြောင့် ယင်းအချက်ကို Apple ကိုချန်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့ ကင်မရာ ကတော့ ထုံးစံအတိုင်းပဲ 1.2 MP ဖြစ်ပါတယ်။ 16GB, 32 GB, 64GB, 128 GB ဆိုပြီး ၃ မျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ Wi Fi ဗားရှင်းအတွက် 499, 599, 699, 799 အမေရိကန်ဒေါ်လာဆီ သတ်မှတ်ထားပြီး Wi Fi+Cellular Version ကတော့ 629, 729, 829, 929 ဆီ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
.
iPad Air အကြောင်းအသေးစိတ်ကို အောက်ပါလခ့်မှာ ဝင်ရောက် လေ့ လာ နိုင် ပါတယ်။

www.apple.com/ipad-air/

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/science-tech/computer/38404-ipad-air-hands-on

Google play store ကိုဝင်တဲ့ အခါမှာ This item isn't available in your country ဆိုပြီးဝင်မရဖြစ်နေပါသလား........?။ အဲဒီလိုဘာကြောင့် ဖြစ်ရသလဲဆိုတော့ တစ်ချို့  apps တွေကို နိုင်ငံတွေအလိုက်ကန့် သတ်ထားကြပါတယ်။မိမိက အသုံးပြုခွင့် မရှိတဲ့ နိုင်ငံကဖြစ်နေရင် အခုလိုဖြစ်ပါတယ် ။ အခုတော့ ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင် ဒေါင်းလုပ်ဆွဲချင်ရင် Market ကို အသုံးပြုချင်ရင်အားနာစရာမလိုတော့ ပါဘူး ။ စိတ်ကြိုက်ဒေါင်းလို့ ရပါပြီ။Google play store ကိုကျော်ခွလိုက်ပါ ။(100% WORKING ) ပါ။ ဒီနည်းလမ်းလေးကလွယ်ကူရိုးရှင်းပါတယ်။.ကွန်ပျုတာနှင့် ဖုန်းနည်းပညာများစုဝေးရာ group သူငယ်ချင်းတစ်ယောက်တောင်းဆိုလာတာကိုအကြောင်းပြုပြီးရေးဖြစ်သွားတာပါ ။ ကျွန်တော်တို့ အနေနဲ့ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းနေရတယ်ဆိုတော့  ကျွန်တော့် မိတ်ဆွေတွေအနေနဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာ မသိပါဘူးခင်ဗျာ။လုပ်လက်စကလေးတွေလည်းမပြတ်သေးတာကတစ်ကြောင်းအကြောင်းကြောင်းကြောင့်  မိတ် ဆွေတို့ ရဲ့ လိုအပ်ချက်တွေကိုသတိမမူဖြစ်မိသွားရင်တောင်းပန်ပါတယ်။ ကျွန်တော် Instruction အတိုင်းပြုလုပ်ပါ....သေချာပေါက် play store ကိုဝင်လို့ရပါတယ်ဗျ.... ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့  အောက်ပါအတိုင်း မိမိတို့ ဖုန်းမှာ ကိုက်ညီမှူ့ ရှိရပါမယ်။ ၁ ။ မိတ်ဆွေ တို့ရဲ့ဖုန်းက Root လုပ်ထားရပါမယ်ဗျ. မိမိဖုန်းမှာ Root Access ရှိရပါမယ် ၂ ။ မိတ်ဆွေတို့ မှာ Google Play Store Market ရှိရပါမယ်..... ၃ ။ Market Unlocker ရှိရပါမယ်....DOWNLOAD - Zippyshare , tusfiles ၄ ။ TunnelBear ရှိရပါမယ်....DOWNLOAD - Zippyshare . tusfiles

Source: http://www.aungkyaw.net/2013/10/google-play-store.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

No comments:

Post a Comment